နွားထိုးကြီးမြို့နယ်၌ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်နှင့်ခေါင်းဆောင်မှု အသိပညာပေးဟောပြောပွဲကျင်းပ

နွားထိုးကြီး အောက်တိုဘာ ၆

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆင်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ် (၅) အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင့်လွင်ဦးက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး လူငယ်နှင့်ခေါင်းဆောင်၊ လူငယ်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူး၊ စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ရာ ကျောင်းသား/သူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အသိပညာပေးဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြောင်းသိရသည်။

သန်းအောင်ဇော်