ရမည်းသင်း အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဘက်စုံဖွံဖြိုးတိုးတက်စေရန်နှင့် ဉာဏ်ရည်ပြည့်ဝစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ရမည်းသင်းမြို့၊ ပညာ့တံခွန်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပညာ့တံခွန်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းဆရာကြီး ဦးစံရွှေက လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်သိမ့်သိမ့်မျိုးက လူငယ်စကားဝိုင်းများကျင်းပခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများ ပိုမိုရရှိစေပြီး တစ်ဦးနှင့်တစ်ဦးအသိပညာများ၊ အတွေ့အကြုံများ ဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်းရင်းနှီးမှုများရရှိကာ နှုတ်မှုစွမ်းရည်ပြည့်ဝလာပြီး လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်လာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်းကိုကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး ပညာ့တံခွန်ကိုယ်ပိုင်အထက်တန်းကျောင်း Grade-11 မှ မောင်အောင်ခန့်ဖြိုးက လူငယ်နှင့်စာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ ကျောင်းသား/ကျောင်းသူများဖြစ်သည့် မနန်းသဇင်မိုးက လူငယ်နှင့် စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ခန့်ကိုကိုက လူငယ်နှင့်ဆိုရှယ်မီဒီယာဖြင့်လည်းကောင်း၊ မဆောင်းနှင်းဝေက လူငယ်နှင့်မျိုးချစ်စိတ်ခေါင်စဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ ကျောင်းသား/သူများဖြစ်သည့် မအေးငြိမ်းသူက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဟန်ထူးအောင်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။
၎င်းနောက် တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသည ကျောင်းသား၊ ကျောင်းသူများက ကဏ္ဍအလိုက်ပြန်လည်ဆွေးနွေးခဲ့ကြပြီး ခရိုင်ဦးစီးမှူးဒေါ်သိမ့်သိမ့်မျိုးက ဖြည့်စွက်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲကို ပညာ့တံခွန်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၁၆)ဦး တက်ရောက်ခဲ့ကြပြီး စကားဝိုင်းအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသသည့် လူကုန်ကူးမှုပပျောက်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနှင့် အသိပညာဗဟုသုတကြွဝဖို့ စာအုပ်စာပေလေ့လာစို့ အသိပညာပေးနံရံကပ်စာစောင်များ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကို စကားဝိုင်းတက်ရောက်လာသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်းသိရသည်။
ဇော်ဝင်းအောင်