အမ်း အောက်တိုဘာ ၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့နယ်၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရခိုင်ပြည် နယ်ရုံးကွပ်ကဲမှုအောက်ရှိ အမ်းမြို့နယ်မှ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌အဆင့် မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အဆင့်မြင့်အိမ် တွင်းမှုစက်ချုပ်သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းတွင် စက်ချုပ်ဘာသာရပ်(၁၅)မျိုး၊ လက်မှုဘာသာရပ် (၁၀)မျိုး၊ မုန့်လုပ်နည်းဘာသာရပ်၊ အချက်အပြုတ်ဘာသာရပ်များ၊ တိုင်းချစ်ပြည်ချက်၊ မျိုးချစ်စိတ်အစဉ် ရှင်သန်ထက်မြတ်နေစေရေးအတွက် ပြည်ထောင်စုစိတ်ဓါတ်သင်ခန်းစာ ဘာသာရပ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ကျန်းမာရေးအသိပညာပေး၊ သ ဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်း၊စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းနှင့် လူငယ်အသိပညာပေးဟောပြောပွဲများ၊ နယ်စပ်ဒေသတွင် နေထိုင်သည့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် ရည်ရွယ်ချက် (၅)ရပ်ဖြင့် တိုင်းရင်းသား/တိုင်းရင်းသူများ၏ ပညာရည်မြင့်မားရေးနှင့် ဘဝရပ်တည်မှုခိုင်မာစေရန် အလုပ်အကိုင် အခွင့်အ လမ်းများရှိစေရန် စသည့်အသိပညာ၊ အတတ်ပညာများကို သင်ကြားပို့ချပေးပြီး သင်တန်းတွင် လိုအပ်သည့်သင်တန်း သုံးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများနှင့် နယ်ဝေးသင်တန်းသူများကို အဆောင်နေ သင်တန်းသူအဖြစ် လက်ခံထားရှိပြီး နေထိုင်စားသောက်စရိတ်နှင့် အသွားအပြန် ခရီးစရိတ်များထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က ရခိုင်ပြည်နယ်တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေး ဗဟိုကော်မတီ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့၏ လမ်းညွှန်ချက်အရ မြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များ အသက်မွေးဝမ်းကြောင်းအထောက် အကူပြု အိမ်တွင်းမှု အတတ်ပညာရရှိစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးမှုရှိလာစေရန် လေ့ကျင့်ပြုစုပျိုး ထောင်ပေးရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ဒေသရှိ ကျေးလက်နေ တိုင်းရင်းသူအမျိုးသမီးများ မိမိ ကိုယ်ပိုင် အသက်မွေးဝမ်းကြောင်း ပညာရပ်ဖြင့် ဘဝရပ်တည်နိုင်စေရန်၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ သင်ကြားတတ် မြောက်သည့် အသက်မွေးဝမ်းကြောင်း ပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည်အထိ ဆောင်ရွက်ကြရန်၊ အမျိုးသမီးငယ်များရဲ့ အသိအမြင်မြင့်မားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီပေးနိုင်ရေး၊ ဘဝရပ်တည်မှုခိုင်မာစေရေးအတွက် သင်တန်းများဖွင့်လှစ်ပေးကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ဆရာမကြီး ဒေါ်စိုးစိုးက အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းအား သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ပြီး၂၀၂၃ ခုနှစ်မေလ ၈ ရက်နေ့မှ စတင်ဖွင့်လှစ်၍ သင်တန်းကာမှာ ရက်သတ္တပတ်(၁၈)ပတ် ဖြစ်ကြောင်း၊ ဘာသာရပ်များသင်ကြားပေးမှုအခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က ထူးချွန်ဆု ရရှိသူ မမေလှိုင်ဖြိုးအား အပ်ချုပ်စက်တစ်လုံးပေးအပ်ချီးမြှင့်ခဲ့ပြီး ခရိုင်မိခင်နှင့်ကလေးစောင့်ရှာက်မှု ကြီးကြပ်ရေးအဖွဲ့ခေတ္တ ဥက္ကဋ္ဌက သင်တန်းသူများအား အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အောင်လက်မှတ်များ ချီးမြှင့်ပေးခဲ့ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံကာ ကျေးဇူးတင်စကားပြောကြားခဲ့ သည်။
ဆက်လက်၍ တက်ရောက်လာသူများကသင်တန်းသူများ ဆောင်ရွက်ထားသည့် ပစ္စည်းများပြခန်း၌ ပြသထားရှိသည့်အသုံးအ ဆောင်ပစ္စည်းများအားလေ့ လာကြည့်ရှု့ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)