မူဆယ်ခရိုင်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများကို ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ထောက်ပံ့

မူဆယ် အောက်တိုဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်တကွ တာဝန်ရှိကြသူများက အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အဖြစ် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်လျက်ရှိပါသည်။

ထိုသို့ သက်ကြီးအဘိုးအဘွားများကို ထောက်ပံ့ပေးအပ်ရာတွင် မူဆယ်ခရိုင်၊စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးနှင့်တကွ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်း၊ မူဆယ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်စိန်၊ မြို့နယ်လဝက ဦးစီးမှူး၊ဦးစီးအရာရှိ ဦးစန်းလွင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက မူဆယ်မြို့နယ်အတွင်းရှိ အသက်(၁၀၀) နှစ် နှင့်အထက် သက်ကြီးအဘိုးအဘွား(၆)ဦး၊ မုံကိုးမြို့မှ(၂)ဦးနှင့် ပန်ဆိုင်း(ကြူကုတ်)မြို့မှ (၂)ဦး၊ စုစုပေါင်းအဘိုးအဘွား(၁၀)ဦးတို့အား တစ်ဦးလျှင် မြန်မာငွေ(၅၀၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး သက်ကြီးအဘိုးအဘွားများအတွက် အာဟာရဖြစ်အစားအစာများနှင့်သစ်သီးများကိုလည်း ထပ်ဆောင်း ပေးအပ်ထောက်ပံ့ခဲ့ပါသည်။ ထို့အပြင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိကြသူများက အဘိုးအဘွားများ၏ ကျန်းမာရေးအခြေအနေနှင့်လိုအပ်သည်များကို တရင်းတနှီးမေးမြန်း၍ တစ်အိမ်တက်ဆင်း လိုက်လံပေးအပ်ထောက်ပံ့ခဲ့ပါ သည်။

မူဆယ်ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ ခရိုင်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွား(၁၀)ဦးကို စုစုပေါင်း မြန်မာငွေ (၅၀၀၀၀၀၀)ကျပ် သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)