မြောက်ဥက္ကလာပ အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ လမ်းခရီးသွားလာရာတွင် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကို လေးစားလိုက်နာစေရန်ရည်ရွယ်၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ရွှေပေါက်ကံမြို့သစ်ရှိ အ.ထ.က(ခွဲ)လ(၁၀)ကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(ခွဲ)လ(၁၀)ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယာဉ်ထိန်းတပ်ဖွဲ့စု(၃၅)မှ ဒုရဲမှူးလှိုင်ဝင်းအောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ယာဥ်ထိန်းတပ်ဖွဲ့ဝင်များက တက်ရောက်လာကြသော ကျောင်းသား/သူလေးများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ဟောပြောပွဲသို့ ယာဉ်ထိန်းတပ်ဖွဲ့စု(၃၅)မှ ဒုရဲမှူးလှိုင်ဝင်းအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
မြမြဝင်း(ပြန်/ဆက်)