သိန္နီမြို့၌ (၃၀)ကြိမ်မြောက် ကမ္ဘာ့ဆရာများနေ့အခမ်းအနားနှင့် အသက်(၆၅)နှစ်အထက် ပင်စင်စားဆရာကြီး၊ဆရာမကြီးများအား မြတ်ဆရာပူဇော်ပွဲအခမ်းအနားကျင်းပ

သိန္နီ အောက်တိုဘာ ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့၌ (၃၀)ကြိမ်မြောက် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားနှင့် အသက်(၆၅)နှစ်အထက်  ပင်စင်စားဆရာကြီး၊  ဆရာမကြီးများအား    မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေစင်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီ အချိန်ကကျင်းပခဲ့သည်။  

ရှေးဦးစွာ အခမ်းအနားကို မြတ်ဆရာသီချင်းဖြင့် ဖွင့်လှစ်သီဆိုဖျော်ဖြေခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးနေလင်းထွန်းက ဖတ်ကြားခဲ့ပြီး ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို ဒုတိယမြို့နယ်ပညာရေးမှူးဦးကျော်ဇေယျက ဖတ်ကြားခဲ့သည်။ ထို့နောက် ဆရာကြီး၊ ဆရာမကြီး များအား သြကာသ ကန်တော့ကြိုးဖြင့် လက်ဆောင်ပစ္စည်းများ ပူဇော်ကန်တော့ပြီး   ဆရာကြီး၊ ဆရာမကြီးများမှ   ဆုံးမသြဝါဒချီးမြှင့်ခြင်း၊ အလှူရှင်ကျောင်းသားဟောင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းများပြုလုပ်ခဲ့သည်။အဆိုပါအခမ်းအနားသို့ ကန်တော့ခံဆရာကြီး/ဆရာမကြီးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးနေလင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား ဟောင်းများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ပြီး အနန္တောအနန္တငါးပါးတွင်ပါဝင်သည့် ဆရာကြီး၊ဆရာမကြီးများ၏ ဂုဏ်ကျေးဇူး ကိုအမြဲသတိရစေရန် မြတ်ဆရာပူဇော်ပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)