ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကမ္ဘ့ာဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

ဒဂုံတောင် အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်‌ကြောင်း သိရသည်။

အခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်ပညာရေးမှူးရုံး ဦးစီးအရာရှိ ဦးသက်‌အောင်တင့်ဆွေက ဖတ်ကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်ခိုင်ကဆရာကန်တော့ပွဲ အခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်အမှာစကားပြောကြားသည်။

ထို့နောက် အသက် ၇၀ အထက် အပူဇော်ခံဆရာမကြီး()ဦးအား ပူဇော်ကန်တော့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး  အခမ်းအနားသို့  မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူများ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

သန်းသန်းအေး