မိုင်းယန်းမြို့၌ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မိုင်းယန်း အောက်တိုဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၅ ရက် နံနက် ၉ နာရီက ဈေးတန်းရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားကို အခြေခံပညာအလယ်တန်းကျောင်း(ဈေးတန်း) ကျောင်းသား/ ကျောင်းသူလေးများမှ “မြတ်ဆရာ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မိုင်းယန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။ ဆက်လက်၍ မိုင်းယန်းခရိုင် ပညာရေးမှူး ဆရာကြီး ဦးသိန်းဝင်းမှ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏  အဖွဲ့ခေါင်းဆောင်များက ပေးပို့သည့် စုပေါင်းသဝဏ်လွှာကို ဖတ်ကြားသည်။  

အခမ်းအနားသို့ မိုင်းယန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အခြေခ့ပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး