မိုင်းဆတ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပန်းချီပြိုင်ပွဲကျင်းပ

မိုင်းဆတ် အောက်တိုဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အောက်တိုဘာ၄ရက်နေ့ မွန်းတည့် (၁၂)နာရီခွဲက ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ကဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ပန်းချီအမြင်၊ ပန်းချီစွမ်းရည်၊ ရောင်စုံကာလာအသုံးပြုနိုင်မည့် စွမ်းရည်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးနှင့် တွေးခေါ်ကြံဆနိုင်စွမ်းမြင့်မားစေရန် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၈)ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုသည့်အနေဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗလာစာအုပ်၊ ခဲတံ တို့ကို ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)