တံတားဦးမြို့နယ် အ.ထ.က(ခွဲ)၊ သူငယ်တော် ကျွန်းရွှေဝါခန်းမတွင် လူငယ်ရေးပညာပေးဟောပြောပွဲကျင်းပ

တံတားဦး အောက်တိုဘာ ၆

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက သူငယ်တော်ကျေးရွာ  အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျွန်းရွှေဝါခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် သူငယ်တော်အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဘိုမောင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ ပြောကြားရာတွင် ကျောင်းသား/သူများ အနေအဖြင့် ပညာကိုကြိုးစားသင်ယူစေလိုကြောင်း၊ ဒါ့အပြင် နိုင်ငံ၏အနာဂတ်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား/သူများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတပြည့်စုံပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်အတွက် ရည်ရွယ်ပြီး ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဦးသက်ဖြိုးအောင်က “ လူငယ်နှင့်ဥပဒေ “ခေါင်စဉ်ဖြင့် လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိဖြူဖြူနှင့်းက “သဘာဝဘေးနှင့်ပတ်သတ်သည့် “အကြောင်းအရာများကို၎င်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်ငယ်သူထွန်းက “အားစားနှင့် လူငယ်“ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောကြသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသူများက မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက အသိးသီးပြန်လည်ဖြေကြားပေးကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များနှင့်ပတ်သက်သည့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျောင်သား/သူများ၊ ဆရာ/မများက စိတ်ဝင်တစား ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ဦးရဲတင့်(ပြန်/ဆက်)