ပင်လုံမြို့ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်

ပင်လုံ အောက်တိုဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ပင်လုံမြို့ အလကခွဲ(၂)ကျောင်း၌ ယမန်နေ့ နံနက် (၉)နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်မိုးမိုးအေးမှ အားကစားနည်းအမျိုးအစားများ၊ ကိုယ်လက်လှုပ်ရှားအားကစားများဆောင်ရွက်ခြင်းဖြင့် ရရှိ လာနိုင်မည့်အကျိုးကျေးဇူးများ၊ အားကစားသင်တန်းများအကြောင်း၊ ယှဥ်ပြိုင်အားကစားနည်းများ၊ ရိုးရာအားကစားနည်းများ၊ အပန်းဖြေအားကစားနည်းများ၊ လူထုအားကစားနည်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်အိမြတ်နိုးသူက (SocialMedia)၏ ကောင်းကျိုး/ဆိုးကျိုးအကြောင်း  များကိုရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စကားဝါမှ တစ်ကိုယ်ရည်သန့်ရှင်းရေးအကြောင်းနှင့် ရာသီအလိုက်ဖြစ်ပေါ်တတ်သော ရောဂါများအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ မြို့နယ်အားကစားမှူးမှ အလကခွဲ(၂)ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီးနောက် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများအား အခမဲ့ကွင်းဆင်းကုသပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါအခမ်းအနားကို တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆ​က်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် လူငယ်ရေးရာအသိပညာပေးနံရံကပ် စာစောင်များကို ပြသကာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ ကြောင်းသိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)