မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ကျင်းပ

မန္တလေး အောက်တိုဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ၂ဝ၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း ပန်းမျိုးတစ်ရာခန်းမတွင် အ.ထ.က (၁၄)မှ ကျောင်းသူ/သားများမှ “မြတ်ဆရာ”သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်‌ရေးမှူးဦးလှထွဋ်က ဖတ်ကြားပြီး ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးသူရိန်စိုးက ဖတ်ကြားသည်။

အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၊ ပညာ‌ရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

ထို့နောက် ၂ဝ၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် အာစရိယပူဇော်ပွဲကို ဆက်လက်ကျင်းပရာ အငြိမ်းစား မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် လက်ထောက်မြို့နယ်ပညာရေးမှူး ဆရာကြီး၊ ဆရာမကြီး (၁၅)ဦးတို့အား တက်ရောက်လာကြသူများက ပူဇော်ကန်တော့ကြသည်။ ထို့နောက် ဦးစန်းယု မြိုနယ်ပညာရေးမှူး(ငြိမ်း)က ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဩဝါဒစကားပြောကြားကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)