မိုင်းခတ်မြို့နယ်အခြေခံပညာအထက်တန်းကျောင်း၌၂၀၂၃ခုနှစ်ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားပြုလုပ်

မိုင်းခတ် အောက်တိုဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ မြို့နယ်ပညာ‌ရေးဌာနမှ ကြီးမှူး၍ ၂၀၂၃ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)စာသင်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအခမ်းအနားကို မိုင်းခတ်မြို့အခြေခံပညာအထက်တန်းဆင့် ကျောင်းသား၊ကျောင်းသူများက မြတ်ဆရာသီချင်းဖြင့်သီဆိုဖွင့်လှစ်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာအား မိုင်းခတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးကဖတ်ကြားခဲ့သည်။

ဆက်လက်၍ အလယ်တန်းဆင့်ကျောင်းသားကျောင်းသူများက ဆရာ့ဂုဏ်ဖော်ကျူးသော တေးသီချင်းဖြင့် သီဆိုကြကာ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် ကန်တော့ခံအငြိမ်းစား ဆရာမကြီး(၂)ဦးအား ဝတ္ထုငွေနှင့်ပစ္စည်းများကန်တော့ခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)