မိုးကုတ် အောက်တိုဘာ ၂၀
မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးကော်မတီတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က ပရဟိတ မိဘမဲ့ကလေးဂေဟာများတွင် အာဟာရ 'နို့' တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။
မိုးကုတ်မြို့ ရေပူရပ်ရှိ ရတနာသိဒ္ဒိ ဂေဟာနှင့် ဘုရားသုံးဆူရပ်ရှိ မေတ္တာရင်ခွင်ဂေဟာများမှ ၁၀ နှစ်အောက်ကလေး (၆၀) ခန့်အား အာဟာရ 'နို့ 'တိုက်ကျွေးခဲ့ကြပြီး "တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် ၁၀ နှစ်အောက် ကလေးငယ်များ အာဟာရပြည့်ဝစေရန် 'နို့' တိုက်ကျွေးခြင်း ဖြစ်ပြီး အင်္ဂါနေ့နှင့်ကြာသပတေးနေ့များတွင် အပတ်စဉ် တိုက်ကျွေးသွားမည်ဖြစ်ရာ ငါးနှစ် စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မှာ ဖြစ်ကြောင်း" အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာမှ သိရသည်။
ပူးပေါင်းအဖွဲ့များဖြစ်ကြသော ပညာရေးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဥပဒေရုံးနှင့် ကြက်ခြေနီအသင်းအဖွဲ့များမှ ၁၀ နှစ် အောက်ကလေးငယ်များအား အာဟာရ 'နို့ဗူး' များ ဝေငှပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးမမ(မိုးကုတ်)