သာစည်မြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဆည်ပြုပြင်ခြင်းလုပ်ငန်းများ၊ ရေပေးဝေမြောင်း ပြုပြင်ခြင်းနှင့် Slub Curvet တည်ဆောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ အောက်တိုဘာ  ၆

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဆည်ပြုပြင်ခြင်းလုပ်ငန်း၊ ရေပေးဝေမြောင်းပြုပြင်ခြင်းလုပ်ငန်းနှင့် Slub Curvet တည်ဆောက်ခြင်းလုပ်ငန်းများအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  သိရသည်။

မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင်  နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေ ၃၉.၁၈၀သန်းဖြင့်   ကြက်မောက်ကျေးရွာရှိ အလျား ပေ ၁၈၀၊ အနံ ၈၅ ပေ၊ အနက် ၃ပေရှိ ရဲဘော်(၂)ဆည်နှင့် အလျား ပေ ၁၁၀၊ အနံ ပေ ၉၀ ၊ အနက် ၄ ပေရှိ ပျူတွင်းဆည် ပြန်လည် ပြုပြင် ခြင်းလုပ်ငန်း၊ အရှည် ၅၄၇၀ပေ အကျယ် ၄ပေ၊ အနက် ၃ပေရှိ ရေပေးဝေမြောင်းပြုပြင်ခြင်းလုပ်ငန်း၊ အရှည် ပေ ၂၃၀၊ အကျဉ် ၂၅ ပေ၊ အမြင့် ၄ပေရှိ Slub Curvet ၊ အရှည်ပေ ၁၈ပေ ၊ အကျယ် ၅ပေ ၃လက်မ၊ အမြင့် ၅ပေ ၉လက်မရှိ Slub Curvet တည်ဆောက်ခြင်းလုပ်ငန်းများအား မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆည်ပြုပြင်ခြင်းလုပ်ငန်း၊ ရေပေးဝေမြောင်းပြုပြင်ခြင်းလုပ်ငန်းနှင့် Slub Curvet တည်ဆောက်ခြင်းလုပ်ငန်းများအား မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သိန်မြင့်ကျော်(မိတ္ထီလာ)