ညောင်ဦးမြို့နယ်၌ အသက် ၉ နှစ်မှ ၁၂ နှစ်အထက် မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံ

ညောင်ဦး  အောက်တိုဘာ  ၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာ သင်ကြားလျက်ရှိသည့် အသက် ၉ နှစ်မှ ၁၂ နှစ်အထက်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) များထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၆ ရက်နေ့ (၁၃၀၁)ဦးထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။

ထိုသို့ အသက် ၉ နှစ်မှ ၁၂ အထက်မကျော်သော ကျောင်းသူမိန်းကလေးများအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်ကျောင်းများအ လိုက်ကွင်းဆင်း ထိုးနှံပေးလျက်ရှိညောင်ဦးမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၇၀)တွင် နယ်လှည့် ကွင်းဆင်းထိုးနှံပေးခြင်းများဆောင်ရွက်ခဲ့ရာ အသက် ၉ နှစ်မှ ၁၂ နှစ် အထက်မကျော်သော ကျောင်းသူ(၁၃၀၁)ဦးထိုးနှံပေးခဲ့ပြီဖြစ်ကာသားအိမ်ခေါင်းကင်ဆာရောဂါကြိုတင်ကာကွယ်ရေး ကျန်ရှိသူများကိုလည်း ဆက်လက်ကွင်းဆင်းထိုးနှံပေးသွား မည်ဖြစ်ကြောင်း ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယဌာနမှူး ဒေါက်တာ ရွှေစင်ထိုက် ထံမှသိရသည်။

ဒီပါလင်း