ပျော်ဘွယ်မြို့နယ်တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပျော်ဘွယ် အောက်တိုဘာ ၆

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ကျောင်းစာကြည့်တိုက်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယခုလိုလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ကျောင်းစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များလိုအပ်မှုအတွက် Mobile Library စနစ်ဖြင့် ငှားရမ်းဆောင်ရွက်ပေးမည့်အခြေအနေများ၊ အလှူခံရရှိသော စာအုပ်စာစောင်များကို ခွဲဝေဖြန့်ဖြူးပေးမည့်အခြေအနေများ စသည် တို့ကိုရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်လာသည့် ကျောင်းစာကြည့်တိုက် တာဝန်ခံ ဆရာ၊ ဆရာမများက ယနေ့အချိန်တွင် ကျောင်းစာကြည့်တိုက်များဖွင့်လှစ်ပေးနေမှု အခြေအနေများ၊ စာကြည့်တိုက်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်အခြေ အနေများကို ရှင်းလင်းဆွေးနွေးကြရာ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)