၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနား ဗဟန်းမြို့နယ်၌ ကျင်းပ

ဗဟန်း    အောက်တိုဘာ    ၆

ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နေ့လယ်(၁၂)နာရီအချိန်က ဗဟန်းမြို့နယ်၊​ ရွှေတောင်ကြား(၂)ရပ်ကွက်၊ ဓမ္မ​စေတီလမ်းရှိ အမှတ်(၁)အ​ခြေခံပညာအထက်တန်း​ကျောင်း မိုးဦးပန်းခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​အောင်ကိုလတ်ကဖတ်ကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်မြို့နယ်ပညာရေးမှ ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်ဆရာကြီး/ဆရာမကြီးများ၊​ ကျောင်းသား​ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။   

ထို့​နောက် ကျောင်းသားကျောင်းသူ​လေးများက တေးသရုပ်​ဖော်အကများဖြင့်​ဖျော်​ဖြေခဲ့ကြပြီး ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် အသက်(၇၀)နှစ်နှင့်အထက်ပညာရေးမှူးများ၊ ဆရာ/ဆရာမများအား ပူ​ဇော်ကန်​တော့ခဲ့​ကြ​ကြောင်း သတင်းရရှိပါသည်။

ကြည်​ဇေ​သော်