လမ်းမတော်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန် အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နေ့လယ်(၁)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို “မြတ်ဆရာ” သီချင်းဖြင့် ကျောင်းသား/ ကျောင်းသူများက ဖျော်ဖြေပြီးအခမ်းအနားဖွင့်လှစ်ခဲ့သည်။ ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသက်နောင်ဖြူကဖတ်ကြားပြီး ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ရခေါင်းဆောင်များကပေးပို့သော စုပေါင်းသဝဏ်လွှာကို တာဝန်ခံမြို့နယ်ပညာရေးမှူးဦးအောင်ကျော်ဦးကဖတ်ကြားသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများက အနန္တငါးဖြာသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်၍ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတွင် ဆုရရှိသူကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ကြကြောင်း သတင်းရရှိသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသက်နောင်ဖြူ၊ အဖွဲ့ဝင်(၂)ဦးလှသိန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်တာဝန်ခံပညာရေးမှူးနှင့်မြို့နယ်အတွင်းရှိ ကျောင်းများမှကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ပညာရေးဝန်းထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဆန်းမြင့်