လှိုင်သာယာ(အရှေ့ပိုင်း) အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်(၉)နာရီ၌ အမှတ်(၂)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁)အစည်းအဝေးခန်းမ၌ ကမ္ဘာ့ဆရာများနေ့အခမ်းအနား ကျင်းပသည်။
ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို မြတ်ဆရာသီချင်းဖျော်ဖြေဖွင့်လှစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခိုင်မင်းကိုက ဖတ်ကြားသည်။ ဆက်လက်၍ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏အဖွဲ့ခေါင်းဆောင်များ ပေးပို့သောစုပေါင်းသဝဏ်လွှာကို မြို့နယ်ပညာရေးမှူးဒေါ်မြတ်သူဇာက ဖတ်ကြားသည်။
အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁၈)ကျောင်းအုပ်ဆရာမကြီးမှ ဆရာနှင့်ပတ်သတ်သော တေးသီချင်းအနှိုင်းမဲ့ဇင်ရော်သီချင်းဖြင့် သီဆိုဖျော်ဖြေကာအဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်၍ မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးကာအခမ်းအနားအောင်မြင်စွာ ပြီးမြောက်လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)