ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ ပြင်ဆင်ထားမှုအားစစ်ဆေး

ဒဂုံမြောက် အောက်တိုဘာ ၂၀

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မြို့နယ်အတွင်းရှိ မဲရုံထားရှိမည့် နေရာများဖြစ်သည့် ကျောင်းများ၊ ဓမ္မာရုံများတွင် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မဲရုံများပြင်ဆင် ဆောင်ရွက် ထားသည့် (၂၉)ရပ်ကွက် အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်းရှိ မဲရုံများသို့ ယနေ့ နံနက် ၉ နာရီက မြို့နယ် ကော်မရှင်အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ မဲရုံများပြင်ဆင်ဆောင်ရွက်ရာသို့ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုး၊ မြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဘုန်ကုန်း နှင့် ကော်မရှင်အဖွဲ့ဝင်များမှ မဲရုံများအား ဆန္ဒမဲပေးရာတွင် လိုက်နာရ မည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြင်ဆင် ဆောင်ရွက်ထားမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအား လိုအပ်သည် များ မှာကြားခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)