တန့်ယန်းမြို့နယ်တွင် ကိုဗစ်ကာလ စားရေးသောက်ရေး အဆင်ပြေစေရန် ဆန်နှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်

တန့်ယန်း  အောက်တိုဘာ  ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ကာလအတွင်း စားရေးသောက်ရေး အခက်အခဲရှိသည့် အိမ်ထောင်စုများအား ဆန်၊ဆီ၊ဆားနှင့် စားသောက်ဖွယ်ရာများအား ပါရမီရှင်ပရဟိတအသင်း မှ ယနေ့ နံနက်ပိုင်းက လိုက်လံထောက်ပံ့ ပေးအပ်ကြသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ကာလအတွင်း စားရေးသောက်ရေး အဆင်ပြေစေရန်တွက်  ကိုင်းကုန်း ပရိယတ္တိ စာသင်တိုက် ဦးစီးဆရာတော်နှင့် ဆရာတော်ကြီးများ ဦးဆောင်သည့် ပါရမီရှင် ပရဟိတအသင်းက ရပ်ကွက်များအတွင်းရှိ စားရေးသောက်ရေး အခက်ခဲရှိသည့် အိမ်ထောင်စုပေါင်း (၈၀၈) အိမ်အား အိမ်ထောင်စုတစ်စုလျှင် တန်ဖိုး(၂၀,၀၀၀)ကျပ်ခန့်ရှိ ဆန်၊ ဆီ၊ ဆားနှင့် စားသောက်ဖွယ်ရာများကို အသင်းမှ တာဝန်ရှိသူများက  ရပ်ကွက်အလိုက် လိုက်လံထောက်ပံ့ပေး အပ်ခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)