မဟာအောင်မြေမြို့နယ်၊ အမှတ်(၃၂) အခြေခံပညာ‌မူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

မဟာအောင်မြေ အောက်တိုဘာ ၅

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၃၂)အခြေခံပညာ‌မူလတန်းလွန်ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကို  ယနေ့နံနက်(၁၁) နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ်(၃၂)အခြေခံပညာ‌မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာအေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးဘိုဘိုဟန်က လူငယ်ရေးရာဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ စာဖတ်ခြင်းအကျိုးကျေးဇူးများ‌ဖြစ်သည့် အာရုံစူးစိုက်မှုရှိခြင်း၊ အသိပညာကြွယ်ဝခြင်း၊ စကားပြောကြွယ်ဝခြင်း၊ မှတ်ဉာဏ်မြင့်မားစေခြင်း၊ စိတ်ဖိစီးမှုလျှော့ချနိုင်ခြင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက အားကစားနှင့်ပတ်သက်သည်များ ရှင်းလင်း‌ပြောကြားခဲ့ကာ အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့သည်။

ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံစာစောင်များနှင့် စာအုပ်၊စာစောင်များအား ကျောင်းသား/သူများမှ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးဘိုဘိုဟန်၊ ဒုတိယဦးစီးမှူး ဦးညီဝင်းသူ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်‌သန္တာအေးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ကြောင်းသိရသည်။

အောင်ဇော်မင်း