ရန်ကုန် အောက်တိုဘာ ၂၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အ.ထ.က (၁)ကျောင်းရှိ Community Based Facility Quarantine Centre တွင် ကန့်သတ်စောင့်ကြည့် ထားသူ(၆၃) ဦးထဲမှ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရာတွင် ပိုးမတွေ့ရှိသူ (၅) ဦးအား မိမိတို့နေအိမ်များ တွင် Home Quarantine အဖြစ် တစ်ပတ်ဆက်လက်နေထိုင်ရေးတို့ကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသူ(၅)ဦးအား Home Quarantine အဖြစ် တစ်ပတ်နေထိုင်ရာတွင် လိုက်နာရမည့်အချက်များကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ကိုဗစ်-၁၉ ကော်မတီအဖွဲ့တို့ စနစ်တကျနေထိုင်ကြရန် လမ်းညွှန်မှာကြားပေးခဲ့ပြီး သက်ဆိုင်ရာနေအိမ်များသို့ ပို့ဆောင်ပေးခဲ့ကြသည်။ ထို့နောက် အဆိုပါ Quarantine Centre များတွင် လစ်လပ်သွားသော နေရာ များအား Primary Contact များ ဆက်လက်ထားရှိနိုင်ရန်အတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ အား မြို့နယ်ကြက်ခြေနီအသင်းနှင့် စေတနာ့ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်လေး (ပြန်/ဆက်)