တန့်ယန်းမြို့နယ်တွင် မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် အဖွဲ့ဝင်များ သင်တန်းဖွင့်လှစ်နိုင်ရေး နည်းပြ သင်တန်း ဖွင့်လှစ်

တန့်ယန်း  အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ - ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် အဖွဲ့ဝင်များအား သင်တန်းဖွင့်လှစ် နိုင်ရေးအတွက် (နည်းပြ)သင်တန်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် မဲရုံပေါင်း (၉၀)ရှိရာ  မဲရုံမှူး၊ ဒု-မဲရုံမှူး သင်တန်းသား (၁၈၀)ဦးနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး စာရေးဝန်ထမ်း (၅၉)ဦးတို့အား မဲရုံဆိုင်ရာ လုပ်ထုံး လုပ်နည်းသင်တန်းကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့် အညီ ဖွင့်လှစ် ပို့ချနိုင်ရေးအတွက်  မြို့နယ်ပညာရေးဌာန အခြေခံပညာကျောင်းများမှ (နည်းပြ) ဆရာ/ ဆရာမ (၁၆)ဦးအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌဦးစိုင်းစံအေးနှင့် တာဝန် ရှိသူများက သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)