လားရှိုးမြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနား ကျင်းပ 

လားရှိုး အောက်တိုဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးမြို့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီအချိန်က လားရှိုးမြို့ ၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို  ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဌ ဦးမျိုးကျော် နှင့်   ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သောသဝဏ်လွှာကို ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)မှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေး တို့ကဖတ်ကြားသည်။

ယင်းနောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ အထက်တန်းအဆင့် ၊ အလယ်တန်းအဆင့်တို့တွင် ပထမဆုရရှိသော ကျောင်းသား၊ကျောင်းသူများကို ပြည်နယ် အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဌ ဦးမျိုးကျော် ကဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် လားရှိုးမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိကြသော ဆရာ၊ဆရာမများက အနန္တငါးဖြာသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

အခမ်းအနားဒုတိယပိုင်းတွင် လားရှိုးမြို့နယ်အတွင်းရှိ အပူဇော်ခံ သက်ကြီး ဆရာကြီး (၃၀)ဦး၊ ဆရာမကြီး(၁၆၂)ဦးတို့ကို ကန်တော့ခဲ့ကြကြောင်းသိရသည်။

စိုင်းထွန်း (လားရှိုး)