မောက်မယ် အောက်တိုဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းဆင့် ကျောင်းသား/ကျောင်းသူများအား စာဖတ်/မှတ်စွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံနှင့် စာအုပ်ပြပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက်၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/ကျောင်းသူလူငယ်လူရွယ်များ အသိပညာဗဟုသုတများတိုးပွားစေရန် စာအုပ်များဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေ ရန်၊ လူငယ်ဆိုင်ရာစွမ်းရည် ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်း များထက်မြက်စေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ကျောင်းသား/ကျောင်းသူကလေးငယ်များဖိတ်ခေါ်၍ ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများပြုလုပ် ကျင်းပပေးခဲ့ရာ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာဖတ်/မှတ်စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသော မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆုရရှိသောမူလတန်းဆင့်ကျောင်းသား/ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်၊ ဓါတ်ပုံနှင့်စာအုပ် ပြပွဲများကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြောင်းသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)