ကျောက်တလုံးကြီးမြို့တွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး (Abate) ခပ်ခြင်းလုပ်ငန်းဆောင်ရွက်

ကျောက်တလုံးကြီး အောက်တိုဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးလောက်လမ်းနှင့် ခြင်ပေါက်ဖွားမှု မရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး(Abate)ခပ်ခြင်းကို ယမန်နေ့နံနက်(၉)နာရီမှစ၍ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံဆောင်ရွက်‌ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့ ဆောင်းဖိုးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်နန်းဝင်းဝင်းမော် နှင့် ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ရေတွင်းရေကန်များ၊ ရေတိုင်ကီများတွင် ခြင်၊ ပိုးလောက်လန်းများ ပေါက်ဖွားမှု မရှိစေရေး၊ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ခြင်းအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း ဆောင်ရွက်ပြီး ရေကန်များအတွင်း အဘိတ်ဆေး (Abate) ခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ကျန်ရှိနေသော ကျေးရွာများတွင်လည်း ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သန္တာဝင်း(ပြန်/ဆက်)