ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် အသက် (၅) နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

ဒဂုံအရှေ့ အောက်တိုဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် အသက်(၅) နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို အမှတ် (၉)ရပ်ကွက် သုခကာရီဓမ္မာရုံ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ် (၉) ရပ်ကွက်နှင့် အမှတ် (၁၀) ရပ်ကွက်ရှိ အသက် ၅ နှစ်အောက် ကလေးငယ်စုစုပေါင်း (၁၄)ဦးအား ကိုယ်အလေးချိန်ပေါင်ချိန်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးပြီးနောက် ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ ချောင်းဆိုး၊ ဝက်သက်၊ဂျိုက်သိုးမေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမှေးရောင်ရောဂါ၊ ပိုလီယိုစသည့်ရောဂါများမှ ကာကွယ်နိုင်သည့် (၅) မျိုးစပ်ကာကွယ်ဆေးအား သက်မှတ်အကြိမ်ရေပြည့်မီစေရေးအတွက် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)