မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့အုပ်စု၊ နမ့်ခမ်းကျေးရွာရှိ အခြေခံပညာအလယ်တန်း ခလရ (၂၆၀) တပ်တွင်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

မြစ်ကြီးနား အောက်တိုဘာ ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့အုပ်စု၊ နမ့်ခမ်းကျေးရွာရှိ အခြေခံပညာ အလယ်တန်း ခလရ (၂၆၀) တပ်တွင်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဂျာဘောက်က အဖွင့်ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို (ကသာ)က လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အနာဂတ်အတွက် စာဖတ်ပါ ခေါင်းစဉ်နှင့် လူငယ်နှင့် ကိုယ်ကျင့်တရား ခေါင်းစဉ်တို့ဖြင့် အသိပညာပေးဟောပြောသည်။

ထို့နောက် အဆိုပါ ကျောင်းအတွက် မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကချင်ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ လှူဒါန်းသည့် သုတရသစာအုပ်စာစောင်များနှင့် အားကစားပစ္စည်း များကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကိုယ်စားပြု လှူဒါန်း‌ပေးအပ်ကြပြီး ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ လှူဒါန်းသည့် သုတရသစာအုပ် စာစောင်များကို စာရေးဆရာ အကြီးကိုကို (ကသာ) က လှူဒါန်းပေးအပ်ခဲ့‌ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)