ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများ စုပေါင်း၍ တွံတေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၆ )ကျောင်းသို့ အခြေခံစားသောက်ကုန်များ လှူဒါန်းပေး

တွံတေး အောက်တိုဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၌ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမှ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် နေအိမ်တွင်နေထိုင်ရေး (Stay at Home) ကာလ အတွင်း သံဃာတော်များ ဆွမ်းကိစ္စ အခက်အခဲမရှိစေရေး ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ကျေးရွာဘုန်းတော်ကြီးများသို့ အခြေခံစားသောက်ကုန် ပစ္စည်းငါးမျိုးကို ယမန်နေ့ နံနက်ပိုင်းက သွားရောက် လှူဒါန်းပေးခဲ့ကြသည်။

ယင်းသို့ လှူဒါန်းရာတွင် တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများမှ ရွှေဆံတော်ရပ်ကွက်ရှိ ဓမ္မာလင်္ကါရကျောင်း၊ ကျွန်းတောရပ်ကွက်ရှိ စျေးကျောင်းကျောင်းတိုက်၊ ကျွန်းတော(၃)လမ်းရှိ ရွှေညောင်ပင်ကျောင်းနှင့် ကျေးရွာဘုန်းတော်ကြီး ကျောင်း(၃)ကျောင်း စုစုပေါင်းကျောင်း (၆)ကျောင်းကို တစ်ကျောင်းလျှင် ဆန်(၈)ပြည်၊ ကြက်သွန်နီ ၂ပိဿာ၅၀၊ ဆီ(၁)ပိဿာ ကြက်ဥအလုံး(၂၀)၊ ဆား၂ပိဿာ၅၀၊ ခေါက်ဆွဲထုပ်(၁၀)ထုပ်၊ လဘက်ခြောက် (၁)ဗူး၊ Mask (၁)ဘူး တန်ဖိုးငွေ(၃၆၀၀၀)ကျပ် ကျောင်း(၆)ကျောင်းအတွက် ငွေကျပ် စုစုပေါင်း (၂၁၆၀၀၀)ကျပ်ဖိုးကို ကျောင်းတိုက်၌ ဝါတွင်းကာလ သီတင်းသုံး နေထိုင်တော်မူ​ကြသော ဆရာတော်သံဃာတော်များ ဆွမ်းကိစ္စအခက်အခဲမရှိ အဆင်ပြေစေရန်အတွက် သံဃာတော် များထံ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)