လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် "လူငယ်နှင့် အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ် စာဖတ်ဝိုင်းပြုလုပ်ခြင်းနှင့် နံရံကပ်စာစောင်ပြသ

သုံးခွ အောက်တိုဘာ ၄

ရန်ကုန်တိုင်း​ဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club အဖွဲ့တို့ပူးပေါင်း၍ စာပေချစ်သူများ စာဖတ်ပရိသတ်များ၊  စာပေကို ပိုမိုချစ်မြတ်နိုးတတ်စေရန်နှင့် စာပေမှအသိပညာဗဟုသုတ ပိုမိုရရှိစေရန်ရည်ရွယ်၍   စာရေးဆရာ ဒေါက်တာခင်မောင်ညို  ရေးသားသည့် "လူငယ်နှင့် အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်အား လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်၊၊

ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး‌နောက်  စာဖတ်ဝိုင်းပြုလုပ်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ်  Women Club ဥက္ကဋ္ဌ ဒေါ်ရီရီအေးက စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် "လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း "ခေါင်းစဥ်ဖြင့် ဆွေးနွေးရာတွင် ကြေကွဲဝမ်းနည်းစရာတွေကို တွေ့တဲ့အခါတွေမှာ အချိန်လေးကိုစောင့်လိုက်ပါ၊ ခွင့်လွှတ်လိုက်ပါ၊ အဲ့ဒီအခါဘဝမှာ ပျော်စရာတွေကို တွေ့ရမှာဖြစ်ပါကြောင်း၊ ဒီလိုအချိန်တွေရောက်အောင် ဘယ်လိုစောင့်ရမလဲ?   စိတ်ဓာတ်ခွန်အားပေါ့  တခါကလူမည်းမလေးက သူ့အမေကိုမေးတယ် "အမေ ကျွန်မတို့က ဘာလို့ဟိုပန်းခြံထဲမဝင်ရတာလဲ” သူ့အမေကမဖြေဘူး။ "အမေ အမေ ကျွန်မတို့ဟာ ဟိုဘတ်စ်ကားကို ဘာလို့မစီးရတာလဲ” သူ့အမေကမဖြေပြန်ဘူး ..အမေ အမေ ကျွန်မတို့က ဘာလို့ဟိုစားသောက်ဆိုင်ထဲကို ဝင်လို့မရတာလဲ” ဒီအခါမှာ သူအမေကဖြေတယ်။ "တို့ကလူမည်းတွေကိုး....တဲ့ ။ အမေ ဒါဆိုရင် ကျွန်မတို့ဟာ ဘာကိုမှ တန်းတူရည်တူ အခွင့်အရေးမရဘူးပေါ့” သူ့မအမေကပြုံးတယ်" သမီး စာတွေအများကြီးဖတ်ပါ ပညာတတ်ကြီးဖြစ်အောင် ကြိုးစားပါ” သမီးမှာ ကြိုးပမ်းပိုင်ခွင့်တွေရှိပါကြောင်း ပညာတတ်ကြီးဖြစ်အောင်လုပ် အတော်ဆုံးသာ ဖြစ်မှာဖြစ်ကြောင်းပြောရာ သမီးဖြစ်သူက သူအမေပြောသည့်အတိုင်း ကြိုးစားရာမှာ အောင်မြင်မှုတွေရပြီး  အဲဒီလူမည်းမလေးဟာ  တစ်ကမ္ဘာလုံးမကျန် သူမဆန္ဒရှိရင် သွားရောက်နိုင်ခွင့်တွေရှိသွားပါကြောင်း၊ သူမအမည်ကတော့ ကွန်ဒိုလီဇာရိုက်စ် ဖြစ်ပါကြောင်း၊ သူမဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စရိုက်စ်ဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် အကောင်းဆုံးသောဘဝခရီးကို ဆက်လက်လျှောက်နိုင်စွမ်းရှိဖို့   မိဘတွေရဲ့  အကြံကောင်းတွေလိုအပ်ပါကြောင်း၊ ဒီလိုပါပဲ မိတ်ဆွေတွေနဲ့အတူ စာအုပ်စာတန်းတွေက အကြံဥာဏ်တွေရတယ် စိတ်ဓာတ်ခွန်အားတွေပေးတယ်၊ မှန်ကန်တဲ့လမ်းညွန်မှုတွေကိုပေးပါ​ကြောင်း၊ ယခုစာဖတ်ဝိုင်းသို့ တက်ရောက်လာတဲ့ စာပေချစ်သူများအနေဖြစ်လည်း စာပေဖတ်ရှု့ခြင်းဖြင့် အသိပညာ   အတတ်ပညာများ ပိုမိုတိုးပွားပါစေကြောင်းစသည်ဖြင့် ပြောကြားသည်။

ထို့နောက် women club အဖွဲ့ဝင် မခင်နှင်းအေးက “အောင်မြင်ဖို့တည်ဆောက်ခြင်းနှင့် အမြင်များ” ခေါင်းစဥ်ဖြင့်ဆွေးနွေးရာ ကျွန်မတို့အနေနဲ့.  အောင်​​​မြင်ဖို့တည်ဆောက်တဲ့အခါ    ကောင်းမွန်တဲ့ အလေ့အထတွေလိုပါကြောင်း၊ ကောင်းမွန်တဲ့အလေ့အကျင့်ကို လုပ်ယူလို့ရပါကြောင်း၊  ဟန်ဆောင်လုပ်လို့တော့မရပါဘူး  ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ယူရပါကြောင်း စသည်ဖြင့်ပြောကြားသည်၊၊

ဆက်လက်၍ Book Club အဖွဲ့ဝင် မသီတာဇော်ကလည်း “လူငယ်နှင့်စူးစမ်းစိတ်”​ခေါင်းစဥ်ဖြင့်ဆွေးနွေးရာတွင် လူတွေဟာစူးစမ်းတတ်တယ် ဒါပေမဲ့စူးစမ်းတာနဲ့ စပ်စုတာကို ကွဲပြားစွာသိဖို့လိုပါကြောင်း၊  စူးစမ်းတာဟာ သုတေသနလုပ်ငန်းတွေနဲ့ဆင်တယ်၊  မိမိကိုတိုးတက်စေသလို   လူ့ဘောင်လူ့ရွာကို တိုးတက်ရာတိုးတက်ကြောင်းလည်း ဖြစ်စေပါကြောင်း၊ စပ်စုတာရော စူးစမ်းတာရောဟာ အနည်းငယ်သာကွာခြားပါကြောင်းစသည့်  စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးဖလှယ်ခဲ့ကြသည်၊၊

စာဖတ်ဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်  သုတ၊ ရသစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို  စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ကြကြောင်း သိရသည်၊၊

စည်သူလင်း (ပြန်/ဆက်)