မိုင်းစံမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ် အသိပညာပေး (Talk Show) ဆောင်ရွက်

မိုင်းစံ အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း  အသိပညာပေးခြင်းလုပ်ငန်းများကို Online မှတစ်ဆင့် ပြည်သူများထံ အသိပညာပေးဆောင်ရွက်လျက်ရှိရာ ​ယနေ့ နံနက် ၁၀ နာရီ အချိန်က ပြည်သူ့ စာကြည့်တိုက်ရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre )တွင် သဘာဝဘေးအန္တရာယ် အသိပညာပေး (Talk Show) အစီအစဉ်ကို  မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်တွင် မိုင်းစံမြို့ မီးသတ်စခန်းတာဝန်ခံ ၊ ဒုမီးသတ်ဦးစီးမှူး၊ ဦးမျိုးဆွေဦးက သဘာဝဘေးအန္တရာယ် အသိပညာပေးနှင့် ပတ်သက်၍ ဘေးအန္တရာယ်မဖြစ်ပွားမီ ဆောင်ရွက်ရမည့် အချက်များ၊ ဘေးအန္တရာယ် ကျရောက်နေစဉ် ဆောင်ရွက်ရမည့် အချက်များနှင့် ဘေးအန္တရာယ် ဖြစ်ပွားနေစဉ် ဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေး အသိ ပညာ​ပေး ပြောကြားခဲ့ပြီး အဆိုပါ (Talk show)အစီအစဉ်ကို မိုင်းစံ​​​မြို့ ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် IPRD Monsang Facebook Page တို့တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းလည်း  သိရှိရသည်။

ခင်ချို (ပြန်/ဆက်)