ပုဗ္ဗသီရိ အောက်တိုဘာ ၄
ပုဗ္ဗသီရိမြို့နယ်၊ သစ်ယာကုန်းအုပ်စု၊ သစ်ယာကုန်းရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်လဝကမှူး ဉီးစိုင်းသီဟဦးပါ ၆ ဉီးတို့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း နေထိုင်သူ အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Dataများ ကောက်ယူ၍ Databaseတွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံး ပါဝင်သည့် Unique ID နံပါတ် သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ သစ်ယာကုန်းအုပ်စု၊ သစ်ယာကုန်းရွာရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူ အမှန် ကျား (၆၀)၊ မ(၇၇) စုစုပေါင်း(၁၃၇) ဦးတို့အား ကောက်ယူခဲ့ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူသည့်လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းသန်းနွယ်(ပြန်/ဆက်)