မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ Quarantine Centre (၃) ခုရှိ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် နေ့လယ်စာ ဒံပေါက် (၃၂၀) ဘူး နှင့် ရေသန့်ဘူးတို့ကို အလှူရှင်များမှ လာရောက်လှူဒါန်း

ရန်ကုန်  အောက်တိုဘာ  ၂၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ Quarantine Centre ()ခုတွင် တာဝန် ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် အာဟာရ အလှူဒါနအဖြစ် နေ့လယ်စာ သက်သတ်လွတ် ဒံပေါက်နှင့် ရေသန့်ဘူးများကို ယမန်နေ့နံနက်ပိုင်းက  အလှူရှင်များမှ သိမ်ဖြူ လက်ဝှေ့ရုံရှိ Community Based Facility Quarantine Centre သို့ လာရောက် လှူဒါန်းပေးခဲ့ကြသည်။

ထိုသို့လှူဒါန်းရာတွင် အလှူရှင်များဖြစ်ကြသည့် မင်္ဂလာတောင်ညွန့်မြို့နယ် ၊ သပြေကုန်းရပ်ကွက်၊ မြရာကုန်းလမ်း (၁၂၅) လမ်းထိပ်ရှိ ဟိန္ဒူဘုရားကျောင်း ဘာလာကြီး ပညာရေးနှင့် ပရဟိတအဖွဲ့မှ  နေ့လယ်စာအတွက် သက်သတ်လွတ် ဒံပေါက် (၃၂၀) ဘူး နှင့် ရေသန့်ဘူး (၃၂၀) ဘူးတို့ကို မြို့နယ်အတွင်း ဆောင်ရွက်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကန့်သတ်စောင့်ကြည့်သည့် နေရာများ ဖြစ်သော သိမ်ဖြူလက်ဝှေ့ရုံ နှင့် အ..က () ကျောင်းရှိ Community Based Facility Quarantine Centre နှင့် အ..က() ကျောင်းရှိ အနံပျောက်သူများ ထားရှိသည့် Anosmia Centre တို့တွင် တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ အသင်းဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များအတွက် လာရောက်လှူဒါန်းပေးခဲ့ရာ မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးမြင့်ဇော်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန် / ဆက်)