မုဒုံမြို့တွင် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးနှင့် အသိပညာပေးဟောပြောခြင်း နံရံကပ်ပိုစတာပြသခြင်းဆောင်ရွက်

မုဒုံ အောက်တိုဘာ ၄

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးနှင့် လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန် ဟောပြောခြင်း၊ နံရံကပ်ပိုစတာပြသခြင်းကို ယမန်နေ့က အ.မ.က (ခေမာ) စာသင်ကျောင်း၌ ပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ကျောင်းသား/သူ လူငယ်များ သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ အရွယ်မရောက်သေးသည့် ကလေးငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ရန်အကြောင်းအရာများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ လူကုန်ကူးမှုအကြောင်းအရာများနှင့် လူကုန်ကူးခံရသူ၏ အဆိုးရွားဆုံးပုံစံများ ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေးပြောကြားသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင် ပိုစတာများပြသခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း ၅၀  ဦးတို့က စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့‌ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)