ကျောက်ဆည် အောက်တိုဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှပြည်သူများ စားသုံးဆီနှင့် ပတ်သတ်၍ အခက်အခဲမရှိစေရေး အောက်တိုဘာ(၃)ရက်နေ့ နံနက်ပိုင်းက ကျေးလက်နေပြည်သူများအား ဈေးကားဖြင့်သွားရောက်ပြီး ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
စားသုံးဆီရောင်းချခြင်းများကို ကျောက်ဆည်မြို့ ဦးအောင်လွင် နေလသုခဆီအရောင်းဆိုင်မှ ဇီးပင်ဝန်းကျေးရွာအုပ်စု၊ လက်ပန်ဇင်ကျေးရွာနှင့် အင်းကုန်းကျေးရွာများရှိ ပြည်သူများအတွက် စားအုန်းဆီ(၁၁၀၀)ပိဿာကိုလည်းကောင်း၊ ဒေါ်ခင်မြတ်မွန် ကြံတိုင်းအောင် ဆီအရောင်းဆိုင်မှ သင်တောင်းကျေးရွာ ပြည်သူများတွက် စားအုန်းဆီ (၅၅၀)ပိဿာကို လည်းကောင်း၊ ဒေါ်အေးနန္ဒာအောင် ယံယံဆီအရောင်းဆိုင်မှ တောင်လွှဲကျေးရွာ ပြည်သူများအတွက် စားအုန်းဆီ(၅၅၀)ပိဿာ ကိုလည်းကောင်း၊ ကူမဲမြို့ ဦးကိုကိုကြီး နယူဖန်စီ ဆီအရောင်းဆိုင်မှ ခရုတုတ်အရှေ့ရွာ၊ ခရုတုတ်အနောက်ရွာ၊ ရွှေလောင်းကျေးရွာ ပြည်သူများအတွက် စားအုန်းဆီ(၅၅၀)ပိဿာကို တစ်ပိဿာလျင်ငွေ(၄၈၀၈)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)