ရမည်းသင်းမြို့၌  ကမ္ဘာဆရာများနေ့ အထိမ်းအမှတ် (ထက်/လယ်) အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အင်္ဂလိပ်စာကျပန်းစကားပြောပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရမည်းသင်း    အောက်တိုဘာ  ၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ကမ္ဘာဆရာများနေ့ အထိမ်းအမှတ် (ထက်/လယ်)အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အင်္ဂလိပ်စာကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်  နံနက် ၉ နာရီက ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက ပြိုင်ပွဲများကျင်းပခြင်းရည်ရွယ်ချက်နှင့် လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊ ကျောင်းသူများကို လစဉ်ပြိုင်ပွဲများ၊ အသိပညာပေးဟောပြောပွဲများကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)အဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် တတိယဆုရရှိသည့် မဆုမွန်အောင်ကိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)  ဒုတိယဗိုလ်မှူးကြီးဇော်မျိုးထက်က လည်းကောင်း၊ ရမည်းသင်းခရိုင်ရုံးမှ ဓာတ်ပုံကျွမ်းကျင်-၂ ဦးဇော်ဝင်းအောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက လည်းကောင်း ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ပြီး အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူ(၆)ဦး၊ အထက်တန်းဆင့်စာစီစာကုံးပြိုင်တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုရရှိသူ(၆)ဦး၊ အထက်တန်းဆင့် အင်္ဂလိပ်ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုရရှိသူ(၅)ဦး၊ အလယ်တန်းဆင့်အင်္ဂလိပ်ကျပန်းစကား ပြောပြိုင်တွင်ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုရရှိသူ(၁၀)ဦး၊ စုစုပေါင်း(၂၇)ဦးကို ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ဓာတ်ပုံပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲများကို တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)