ကျောက်ဖြူ အောက်တိုဘာ ၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က လူငယ်များသည် နောင်တစ်ချိန်တွင် အနာဂတ်နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းပြီး နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်လာကြရမည်ဖြစ်၍ ယခုအရွယ်မှစပြီး ဗလငါးတန်နှင့်ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုး၍ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန် သုတစာပေနှင့် ရသစာပေများဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အသိပညာဗဟုသုတများရရှိစေမည့် စာအုပ်၊ စာစောင်များကို အခမဲ့ဖတ်ရှုငှားရမ်းနိုင်ပြီး ပြိုင်ပွဲများနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိသဖြင့် လာရောက်လေ့လာဖတ်ရှု၍ ပါဝင်ယှဉ်ပြိုင်ကြရန် တိုက်တွန်းလိုပါကြောင်း၊ နောင်တစ်ချိန်တွင် နိုင်ငံခေါင်းဆောင်များ ဖြစ်လာမည့် သားကောင်းရတနာ ကျောင်းသား၊ ကျောင်းသူ၊လူငယ်လေးများသည် နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးပြီး ဗလငါးတန်နှင့်ပြည့်စုံကာ ဘက်စုံထူးချွန်သော လူတော်လူကောင်းများဖြစ်လာဖို့ အသိပညာ အတတ်ပညာများကို လေ့လာဆည်းပူးကြရမည်ပါကြောင်း စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းဟောပြောသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ပါ အသိပညာပေး နံရံကပ်စာစောင်များ၊ ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်ဓာတ်ပုံများ၊ နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် ငှားရမ်းကြည့်ရှုခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း ခရိုင်(ပြန်/ဆက်)