လင်းခေး အောက်တိုဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့နယ်၊ စံပယ်ဦးစျေးသမဝါယမအသင်းလီမိတက်၏ စုဆောင်းပေါ် အတိုး၊ အစုပေါ်အမြတ်နှင့် အသင်းသားထောက်ပံ့ကြေးထုတ်ပေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက လင်းခေးမြို့၊ စျေးတန်းရပ်ကွက်ရှိ အသင်းရုံး၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပေးအပ်ရာ၌ အသင်းသား (၃၈၈)ဦးအား စုဆောင်းပေါ် အတိုးငွေကျပ် (၁၁၆,၂၆၄၀၀ိ/)၊ အစုပေါ်အမြတ်ငွေကျပ် (၁၁၆၄၀၀၀ိ/-)နှင့် အသင်းသားများအား ထောက်ပံ့ငွေကျပ်(၁၉၄၀၀၀၀ိ/-) စုစုပေါင်းကျပ် (၁၄၇၃၀၄၀၀ိ/-)ထုတ်ပေးခဲ့ကြောင်း အသင်းအမှုဆောင်အဖွဲ့ထံမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)