လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ် (၁၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

လှိုင်သာယာ(အနောက်ပိုင်း) အောက်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အတွင်းပဒံကျေးရွာ၊ အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ဟောပြောပွဲနှင့်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၁.၀၀) နာရီက အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သည်။

ရှေးဦးစွာ  လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အတွင်းပဒံကျေးရွာ၊ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းမှ‌ ကျောင်းအုပ်ဆရာမကြီး‌‌ ဒေါ်ခင်အုံးဌေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်က  ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား  ရှင်းလင်းပြောကြားသည်။

အဆိုပါဟောပြောပွဲတွင် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် စာပေချစ်မြတ်နိုးသူ အသင်းဥက္ကဋ္ဌ ဦးသူရ‌ဇော်ကစာ‌ ပေမြင့်မှလူမျိုးတင့်မည်‌ ခေါင်းစဉ်ဖြင့်လည်းကောင်း စာရေးဆရာ‌ဌေးအောင်ဇော် (မြောင်းမြ)က အနာဂတ်လူငယ်တို့ စာဖတ်ကြစို့ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအသိပညာပေးဟောပြောကြသည်။

ဆက်လက်၍ အမှတ် (၁၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၁၀)ဦးက စာ‌ပေမြင့်မှ လူမျိုးတင့်မည်ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ယှဉ်ပြိုင်ကြသည်။

ထို့နောက် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသော ကျောင်းသား /ကျောင်းသူများအား မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ကြသည်။

ဟောပြောပွဲသို့ ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် စာရေးဆရာများ၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူ(၂၇၀)ဦးခန့် တက်ရောက်ကြ ပြီးမြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ပြသထားသောအသိပညာ‌ပေး နံရံကပ်စာ‌စောင်များကို တက်‌ရောက်လာကြ‌‌သော ကျောင်းသား/ သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုကြသည်။

မြင့်ဇော်