ရမ်းဗြဲ၊ အောက်တိုဘာ ၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ အထွေအထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းအနားမှုး သင်တန်း(၂/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာဝတီခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ နည်းပြ ဆရာ/ဆရာမများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းကအခမ်းအနားမှူး သင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမျိုးသမီးဝန်ထမ်းများသည် အခမ်းအနားမှူး တာဝန်များကို အခက်အခဲမရှိ လွယ်ကူစွာ ဆောင်ရွက်နိုင်ဖြစ်ပြီး အခမ်းအနားများ၊ ဌာနဆိုင်ရာအစည်းအဝေးများ၊ ဘာသာရေးနှင့်ဿသနာရေးဆိုင်ရာပွဲများ ကျင်းပသည့်အခါတွင် အခမ်း အနားတစ်ခုလုံးကို အဆင်ပြေပြေချောချောမွေ့မွေ ပြီးမြောက်အောင်ဆောင်ရွက်ပေးနိုင်သည့် မြို့ ဂုဏ်ဆောင် အခမ်းအနားမှူးကောင်းများ ထွက်ပေါ်လာမှာဖြစ်ပါကြောင်း စသည့် သင်တန်းဖွင့်ဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက် ၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက သင်တန်းသူများအား သင်တန်းဆိုင်ရာ စည်းကမ်းချက်များကို အသေးစိတ်ဖတ်ကြား ရှင်းလင်းဆွေးနွေး ခဲ့သည်။
အဆိုပါ သင်တန်းကို အောက်တိုဘာလ(၂)ရက်နေ့မှ(၁၃) ရက်နေ့ထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး၊ သင်တန်းချိန်မှာ နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီ (၃၀)မိနစ်၊ မွန်းလွဲ(၁) နာရီမှ ညနေ (၄)နာရီထိဖြစ်ပြီး သင်တန်းနည်းပြ ဆရာမ(၂) ဦးကစာတွေ့ လက်တွေ့ သင်ကြား ပြသသွားမည်ဖြစ်ပြီး ထွေ/အုပ်အမျိုးသမီး ဝန်ထမ်း (၂၈ )ဦးတို့ တက်ရောက် သင်ယူလျက်ရှိကြောင်း သိရသည်။
အောင်တင်ကြည်(ပြန်/ဆက်)