ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဒဂုံအရှေ့ အောက်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသူက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပြင်ဆင်ထားရှိရန်၊ သဘာဝဘေးအန္တရာယ်မဖြစ်ပေါ်မီ ကြိုတင်ပြင်ဆင်ထားရှိရန်၊ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးပါကဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီးတက်ရောက်လာကြသည့် မြို့နယ်အဆင့်သဘာဝစီမံခန့်ခွဲမှုကော်မတီဝင်များနှင့် ဌာနဆိုင်ရာများမှ ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီးတက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ဆောင်ရွက်သွားရမည့်လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ မိမိတို့၏ဌာနဆိုင်ရာကိစ္စရပ်များအား တာဝန်ရှိသူအသီးသီးမှ ရှေ့ဆက်ရမည့်လုပ်ငန်းစဥ်များအား ဆွေးနွေးပြောကြားခဲ့၍ အစည်းအဝေးသို့ ဌာနဆိုင်ရာဝန်ထမ်းစုစုပေါင်း(၃၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)