သာကေတ အောက်တိုဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ၄/တောင်ရပ်ကွက် သာသနဝေပုလ္လဓမ္မာရုံတွင် ယမန်နေ့ နေ့လယ်(၁:၀၀)အချိန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် အမှတ်(၃၇)ယာဥ်ထိန်းရဲတပ်ဖွဲ့စု ဒုရဲမှူးအောင်ဇော်ထွန်းဦးဆောင်ကာ ရပ်ကွက်အတွင်းရှိ သာကေတမြို့နယ်အတွင်း ခရီးသွားပြည်သူများနှင့်မြို့နယ်ပြည်သူ့လုံခြုံရေးတာဝန်ဆောင်ရွက်ကြသူပြည်သူများအား ဘေးတွဲဆိုင်ကယ်မောင်းနှင်စီးနင်းခြင်းနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့်အချက်များဖြစ်သည့် ၂၀၂၂ မော်တော်ယာဉ်နည်းဥပဒေ အခန်း(၁၀)သွားလာမှုစည်းကမ်းပါ ယာဉ်မရပ်ရနေရာများ၊ မကွေ့ရနေရာများ၊ လမ်းပေါ်ရှိဆေးရေး အမှတ်အသားများဆိုင်ရာများ၊ ဆိုင်ကယ်စီးနင်းရာတွင် လိုက်နာရမည့်စည်းကမ်းဆိုင်ရာများနှင့် ယာဥ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာများအား ပညာပေးဆွေးနွေးခဲ့သည်။
ထို့နောက် ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ကြသည့် ပြည်သူ(၇၅)ဦးမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူမှပြန်လည်ဆွေးနွေးဖြေကြားခဲ့ကာ မြို့နယ်ယာဥ်ထိန်းရဲတပ်ဖွဲ့စု ဒုရဲမှူးအောင်ဇော်ထွန်းနှင့်အဖွဲ့များမှ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာလက်ကမ်းစာစောင်(၇၅)စောင်အား ဖြန့်ဝေခဲ့ကြောင်းသိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)