ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများစိုက်ပျိုးထားသည့် ထိုင်းနှံကောက်မျိုးစပါးစိုက်ခင်းအား စပါးအထွက်နှုန်းများသိရှိစေရန်အတွက် စပါးချွေလှေ့စက်ဖြင့် မိုးပါးစံကွက်ရိတ်သိမ်း ခြင်းနှင့်တောင်သူအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မရွှေဥကျေးရွာအုပ်စု၊ မရွှေဥကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုးစပါးစံကွက်ရိတ်သိမ်းရာတွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစောဝင်းကိုနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဒေသခံတောင်သူများက မရွှေဥကျေးရွာအုပ်စု၊ မရွှေဥကျေးရွာ ကွင်းအမှတ်-၃၃၄ ၊ ဦးပိုင်အမှတ်-၆/၅ တောင်သူဦးကျော်ဇံဦး၏ ထိုင်းနှံကောက်မျိုးစပါးစံပြကွက်(၀.၁၀)ဧကကို စပါးချွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းခဲ့ကြရာ တစ်ဧကအထွက်နှုန်း(၁၀၆.၇၅)တင်းနှုန်းထွက်ရှိကြောင်းသိရကြောင်း သိရသည်။
ဆက်လက်၍ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် သီးနှံအထွက်နှုန်းများအပေါ်သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်နိုင်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုနှင့်တာဝန်ရှိသူများက ဒေသခံတောင်သူများအား တောင်သူအသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)