တွံတေး အောက်တိုဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် စည်ပင်သာယာမြို့မစျေး(အတွင်း/အပြင်)ရှိ စားအုန်းဆီဆိုင်ရောင်းချသည့်ဆိုင်များ၊ မြန်မာနိုင်ငံဆီကုန်သည်ကြီးများအသင်းမှ ရောင်းချခွင့်ပေးထားသည့် စားအုန်းဆီဆိုင်များအားတာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခြင်းကို အောက်တိုဘာလ ၁ ရက်နေ့ နေလယ် ၁ နာရီက တွံတေးမြို့စည်ပင်သာယာစျေးအတွင်း/အပြင်တို့၌ ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်၊ စည်ပင်သာယာရေးကော်မတီဈေး(အတွင်း/အပြင်)ရှိ စားအုန်းဆီဆိုင်ရောင်းချသည့်ဆိုင်များ၊ မြန်မာနိုင်ငံဆီကုန်သည်ကြီးများအသင်းမှ ရောင်းချခွင့်ပေးထားသည့် စားအုန်းဆီဆိုင်များအား မြို့နယ်အုပ်ချုပ်ရေးမှူးဦးခင်မောင်မြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးခိုင်ကြည်သာလှ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်နိုင်ထွန်းနှင့်ဈေးတာဝန်ခံ ဦးဉာဏ်လင်းထက်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်ဦးမြမင်းတို့မှပူးပေါင်း၍ စားအုန်းဆီရောင်းချမှုအခြေအနေများ၊ လက်လီလက်ကားဖြန့်ဖြူးရောင်းချပေးနေမှုများနှင့် ကုန်အမှတ်တံဆိပ်ခွဲခြားရောင်းချမှု ရှိ/မရှိတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
တွံတေးသား