ဒဂုံ အောက်တိုဘာ၂၀
လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပြည်အနောက်ရပ်ကွက်၊ စကားဝါလမ်းရှိ မင်းကွန်းကျောင်းတိုက်မှ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာရှိခဲ့သဖြင့် အောက်တိုဘာ၆ရက်မှစ၍ အဆိုပါကျောင်းတိုက်အား အသွားအလာ ကန့်သတ်မှုအနေဖြင့် Lock Down ပြုလုပ်ထားခဲ့ရာ အောက်တိုဘာ ၁၉ ရက်နေ့တွင် ၁၄ရက်ပြည့် မြောက်ခဲ့ပြီးဖြစ်၍ Lock Down ဖြည်လျော့ပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာရှိခဲ့သည့် ကျောင်းတိုက်အား အသွားအလာကန့်သတ်ပေးခြင်းအားဖြင့် ကိုဗစ်- ၁၉ရောဂါပိုးတစ်ဦးမှ တစ်ဦးသို့ ကူးစက်ပြန့်ပွားမှုမရှိစေရန် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယင်းဖြည်လျော့ပေးမှုကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအီနွယ်လှိုင်ပူက ဦးဆောင်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)