ဒဂုံမြို့နယ် အသွားအလာကန့်သတ်စောင့်ကြည့်နေရာ ၌ အသုံးပြုရန် ရေသန့်(၆၀)ကဒ်လာရောက်လှူဒါန်း

ဒဂုံ အောက်တိုဘာ ၂၀


လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ   ကာကွယ်ထိန်းချုပ်ရေး ကာလ အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်   အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌  ဖွင့်လှစ် ထားသော အသွားအလာကန့်သတ်စောင့်ကြည့်နေရာတွင် စောင့်ကြည့်ခံရမည့်  လူနာများအတွက်  အသုံးပြု နိုင်ရန်  ရေသန့်(၆၀)ကဒ်အား အလှူရှင် ဦးသန်းမော်၊ဒေါ်စန်းစန်းအုန်းမိသားစုမှ ယမန်နေ့ မွန်းလွဲ(၁)နာရီက လာရောက်လှူဒါန်းခဲ့ရာ   မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်  အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် များက လက်ခံရယူခဲ့ကြောင်း  သိရသည်။
ယင်းသို့ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စောင့်ကြည့်ရမည့် လူနာများ နေထိုင်ရေး၊ စားသောက်ရေး အဆင်ပြေစေရေးတို့အတွက် အလှူရှင်များက  သဒ္ဒါတရား ထက်သန်စွာဖြင့် တစ်ဖက်တစ်လမ်းမှ  ပါဝင်ကူညီလှူဒါန်းပေးကြခြင်းဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)