၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်

တိုက်ကြီး အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား​ကျောင်းသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်ပေးသော ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်း​ကျောင်း(မြို့မ)ပညာရတနာခန်းမတွင် ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ခင်ခင်အိက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူးဒေါ်စန္ဒာဦးက အမှာစကားပြောကြားသည်။ ဆက်လက်၍ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ၄ ဘာသာဂုဏ်ထူးရှင်(၁၃)ဦး၊ ၃ ဘာသာဂုဏ်ထူးရှင်(၃၀)ဦး၊ ၂ ဘာသာဂုဏ်ထူးရှင်(၄၁)ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင်(၁၄၁)ဦး စုစုပေါင်း(၂၂၅)ဦးတို့အား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်သည်။

အဆိုပါအခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ခင်ခင်အိ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်မာအေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာဆရာမကြီးများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် မိဘများတက်ရောက်ကြကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)