တောင်ကုတ်မြို့၌ အခမ်းအနားမှူးသင်တန်းဖွင့်ပွဲကျင်းပ

တောင်ကုတ် အောက်တိုဘာ ၂

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင်  ခရိုင်အထွေထွေအုပ်ချုပ်ရေးဌာနမှကြီးမှူး၍ အခမ်းအနားမှူး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်က အမှာစကားပြောကြားရာတွင် အခမ်းအနားတစ်ခုအောင်မြင်ချောမောစွာ ပြီးမြောက်နိုင်ရေးအတွက် အခမ်းအနားမှူးသည် ဦးဆောင်သူ ဖြစ်ပါကြောင်း၊ အခမ်းအနားမှူးကောင်းတစ်ယောက်ဖြစ်ရန်အတွက် အဓိကအရည်အချင်းများဖြစ်သည့် သတ္တိ၊ သတိ၊ သိ/တတ်မှု၊ ရုပ်ပိုင်းဆိုင်ရာများနှင့်ကိုယ်ဟန်အမူအရာ၊ ကျန်းမာရေး၊ စိတ်ပိုင်း ဆိုင်ရာ အသံပိုင်း ဆိုင်ရာနှင့် စကားပြောစတိုင်၊ လေယူလေသိမ်းများ ကောင်းမွန်ရန်လိုအပ်ကြောင်းနှင့် အခမ်းအနားအမျိုးမျိုးကို ဦးဆောင်နိုင်သည့် အခမ်းအနားမှူးကောင်းတစ်ယောက်ဖြစ်လာရန် ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြည့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းသားများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အဆိုပါသင်တန်းကာလမှာ အောက်တိုဘာလ(၂)ရက်နေ့မှ(၁၃)ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကာသင်တန်းသို့ ခရိုင်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သင်တန်းသူ(၂၅)ဦးတက်ရောက် တက်ရောက်ကြမည်ဖြစ်ကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းသူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)